ကြော်ငြာနှိပ်သူလိုအပ်နေ
နေ့စဉ် ကြော်ငြာကလစ် များလျှင်
ရှားပါးရုပ်ပြစာအုပ်များကို ဒေါ်လာဖြင့်
များများဝယ်နိုင်ပါသည်။
ကြော်ငြာများကို ကလစ်ပေးပါ။
ထိချက်အကြောင်းပြောရရင်
ပွဲရပ်လိုက်လို့ Tatsuro Taira က ကြိုးဝိုင်းဒိုင် Vitor Ribeiro ကို စောဒကတက်နေတယ်။ ဆက်လွှတ်ပေးရင် အထိနာမှာစိုးလို့ ကြိုးဝိုင်းဒိုင် Vitor Ribeiro က ပွဲရပ်လိုက်တာ မမှားပါဘူး။ ထိချက်က တအားကွာနေပြီလေ။
ထိချက်ဆိုလို့ ပြောရဦးမယ်။ Joshua Van ထိုး (ကန်) တာ ထိချက် (၁၃၁) ချက်တဲ့။ ခြေကန်ချက်၊ လက်သီး၊ ဒူးတံတောင်စုစုပေါင်းကို ထိချက်လို့ ခြုံပြောတာပါ။ မျက်နှာထိတာက လက်သီးချက်ချည်းပါပဲ။ စုစုပေါင်း ထိချက် (၁၃၁) ချက်ထဲကမှ လက်သီး (၁၁၈) ချက်က Tatsuro Taira ရဲ့မျက်နှာကို ထိတာပါ။ မျက်နှာကို လက်သီးချက် (၁၀၀) ကျော်ထိလို့လည်း ဒီလောက်ထိ စုတ်ပြတ်ကွဲပြဲသွားတာပါ။
အကြီးအကဲတွေက Joshua Van နဲ့ Tatsuro Taira တွဲဆိုင်းကို အကောင်းဆုံးတွဲဆိုင်းလို့ သတ်မှတ်ပေးလိုက်တယ်။ ကစားသမားတွေက အပိုဆုကြေး ဒေါ်လာ (၁) သိန်းစီဆက်ရသေးတယ်။ ဒါကတော့ ဝမ်းသာစရာသတင်းပါ။
Joshua Van က Alexandre Pantoja ကိုနိုင်ပြီး ချန်ပီယံဖြစ်လာပေမယ့် တချို့ပရိသတ်တွေက ဘဝင်မကျကြဘူး။ Paper Champ ရယ်လို့ အားမနာပပြောချင်ကြတယ်။ အခုတော့ Joshua Van က ဝေဖန်သံတွေကို ရပ်တန့်စေပါပြီ။ စွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးစရာပါ။
ဖလိုင်းဝိတ်တန်းမှာ Joshua Van ကို ယှဉ်ထိုးနိုင်တဲ့ ပြိုင်ဘက်ဆိုတာ သိပ်မရှိတော့ပါဘူး။ ပါဝါသာ ပိုတက်လာရင် ဘီလူးသူရဲဖြစ်လာမယ်။ အခုလည်း တော်တော်ကောင်းနေပါပြီ။ စိတ်အားထက်သန်မှုအပြည့်ဖြစ်နေတာ ဂုဏ်ယူစရာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)
This One!
SPONSORED